RSS

ကုမုဒြာအတွေးအမြင်

သင်္ကြန်ရောက်ပီး
တစ်နှစ်ပြောင်းတော့မယ်..။
နှစ်ဟောင်းက ... .....စိတ်တွေ
ဘယ်လောက်ပြောင်းနိုင်ကြပီလဲ....။

ကုမုဒြာလမင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကုမုဒြာအတွေးအမြင်

ကိုယ့်ဘ၀တစ်ခုတည်း
ကောင်းစားဖို.ဆိုရင်
ဘုရားရှင်တွေ
ပွင့်ပေါ်လာစရာ
အကြောင်းမရှိဘူး.....။
ကုမုဒြာလမင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီတဂူဆရာတော်ကြီး၏ သြဝါဒကထာ



                                      သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ
                                                      အဂ္ဂမဟာပဏ္ဍိတ
                                             မဟာဓမ္မကထိကဗဟုဇနဟိတဓရ
                                         အဖွဲ့ကြီး၏ပြည်ပသြဝါဒစရိယဆရာတော်
                                                       Ph.D, D.Litt ,
                                       ဒေါက်တာအရှင်ဥာဏိဿရ
                                                              ၏
                                                        သြဝါဒကထာ
                                    
                                    ကိံသု ယာဝ ဇရာ သာဓု ၊ ကိံသု သာဓု ပတိဋ္ဌိတံ ။
                                      ကိံသု နရာနံ ရတနံ ၊ ကိံသုစောရေဟိ ဒူဟရံ ။
            ငါ့ရှင်တို့ အဲဒီစာ ဘယ်နားမှာပါသလဲ ? ( သဂါထာဝဂ္ဂပါဠိ ၊ ဂါထာ - ၅၁ ) ။ ကိံသု ယာဝ ဇရာ သာဓု - အိုတဲ့တိုင်အောင်ဘာကောင်းလဲ ? ကိံသု သာဓု ပတိဋ္ဌိတံ - ဘယ်မှာရပ်တည်နေမှ ကောင်းမလဲ ? ကိံသု နရာနံ ရတနံ - လူတို့ရဲ့ ရတနာဟာဘာလဲ ။ ကိံသု စောရေဟိ ဒူဟရံ - သူခိုးမခိုးနိုင်တာ မပျောက်ပျက်နိုင်တာ ဘာရှိလဲ ? ဒါဟာ ( Question ) ။ စာအုပ်တွေထဲမှာလည်း Question တွေ ၊ Answer တွေရှိတယ် ။ ဒီတော့ ဒေသနာမှာဟောတဲ့ နည်းတွေဟာ တောက်လျှောက် ဓမ္မဓိဋ္ဌာန်နဲ့ ဟောတာတွေ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ဟောတာတွေ ရှိတယ် ။ ပုဂ္ဂိုလ်ကို ရည်ညွှန်းပေမဲ့ ဓမ္မအတိုင်း ဟောသွားတာတွေ ၊ ဓမ္မကို ရည်ညွှန်းပေမဲ့ ပုဂ္ဂိုလ်ကို ပြောပြောသွားတာတွေ ၊ ပုဂ္ဂိုလ်ပဲ ရည်ညွှန်းပြီး ပုဂ္ဂိုလ်ကိုပဲ သရုပ်သွင်းသွားတာတွေ ဟောနည်းပြောနည်း တွေရှိတယ် ။ ဒီမှာတော့ Question and Answer အမေးနဲ့အဖြေ ။ ဒီနေ့ ကမ္ဘာအရပ်ရပ်မှာ Dialouge တွေ တော်တော်ခေတ်စားတယ် ။ နိုင်ငံရေးမှာဆိုရင် သိပ်ပြောများတာ . . . . အပြန်လှန် မေးမြန်းဆွေးနွေးတာ ။
အဲဒီတော့ Research။ မင်းတို့ M.A နှင့် Ph.D တန်းမှာ သိပ်အရေးကြီးတာ ၊ ပါဠိစာပေမှာ လည်းရှိတယ် ။ သုတေသန ဆိုတာ - သုတကို ရှာဖွေတာ ။ သုတဆိုတဲ့သဒ္ဒါဟာ ဘာသာပြန်တော့ Knowledge ပဲ၊ Wisdom အဆင့်ကိုမရောက်ဘူး ။ အဲဒါလေးတော့ သိဖို့လိုတယ် ။ Knowledge နှင့် Wisdom ကလည်း နဲနဲကွာတယ် ။ Research  ဆိုတာ မင်းတို့  M.A, Ph.D တွေရေးကြတယ် ။ သူများပြောတာတွေ လျှောက်စုပြီး တော့မှ အဲဒါ ရေးသွားတာပဲ ။ ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိ ကိုယ်တိုင်နားလည်းတဲ့အရာ အဲဒီထဲမှာ မပါသလောက်ပဲ ။ ဘယ်သူက ဘာပြောတယ် ၊ ဘယ်စာအုပ်မှာဘယ်လိုရှိတယ် ။ အဲဒါတွေ လျှောက်စီကုံးသွားတာ။ မင်းတို့မှာ အဲဒါနဲ့ Thesis တစ်ဆောင်ဖြစ်သွားတာပဲ ။ ဒါဟာ ဘာလဲဆိုတော့ ဗဟုသုတရဖို့ ဘယ်စာအုပ်ထဲမှာ ဘယ်လိုဖတ်ဖူးတယ် ၊ ဒီတော့ ဟို Thesis ပိုင်းက ဘာကြည့်ပေးတာလဲ ဆိုတော့ ဒီကျောင်းသားဟာ  စာအုပ်ပေါင်း ဘယ်လောက် ဖတ်ခဲ့တယ် ၊ စာအုပ်ပေါင်းမြောက်များစွာကို ဘယ်လောက် ဖတ်ထားတယ် ၊ နောက်တစ်ခါ ဖတ်တာကို ဘယ်လို ဖတ်တယ် ၊ နောက်ပြီးတော့ ဘယ်လို စုစည်းတယ် ၊ စုစည်းတာကို Compilation လို့ခေါ်တယ် ။
               နောက်တစ်ခါဘာလဲဆိုတော့ Criticize ဝေဖန်တယ် ၊ ဟိုကျမ်းက ဘယ်လိုဆိုတယ် ၊ ဒီကျမ်းက ဘယ်လိုဆိုတယ် ၊ ဒါတော့ ဖြစ်နိုင်တယ် ၊ ဒါမဖြစ်နိုင်ဘူး ဒီလိုပြောသွားတယ် ။ ဥပမာ တို့ ဗုဒ္ဓဂယာစေတီတော် ကြီး လေးထောင့် ကြီး။ ဗုဒ္ဓဘာသာ သမိုင်းမှာ အကုန်လုံး သံပုရာသီး တစ်ခြမ်း ခွဲထားတဲ့ အတိုင်းပဲရှိတာ ။ ဘာလို့ ဗုဒ္ဓဂယာစေတီတော်ကြီး လေးထောင့်ဖြစ်နေတာလဲ? အဲဒါ မင်းတို့ Research လုပ်ကြည့်ပါ ။ အဲဒါကြံပေါ့ ၊ အသောကမင်းကလည်း (Jain) ဂျိန်းကနေ ပြောင်းလာတာ မဟုတ်လား ? ဂျိန်းဘာသာကနေ Buddhism ဖြစ်လာတာ ။ ဂျိန်းဘုရားက လေးထောင့် ၊ အဲဒါကြောင့် မူလ ဂျိန်းအငွေ့ အသက်ကလေးဟာ လေးထောင့်လေး ဒီထဲမှာ ဝင်နေတယ် ။ နောက် သူတည်တဲ့ စေတီပေါင်း ရှစ်သောင်းလေးထောင်ကြတော့ ဒီလို လေးထောင့် စေတီတစ်ခုမှ မရှိဘူး ၊ အကုန်အလုံးကြီးတွေ ။ မြန်မာပြည်က စစ်ကိုင်းကောင်းမှုတော် စေတီလိုဘဲပေါ့ ။
                စာတွေ ဘယ်လောက်ဖတ်ထားသလဲ ? စာအုပ်ပေါင်း ဘယ်လောက်ကြည့်ထားလဲ References တွေ များများပြနိုင်လေ စာအုပ်များလေလေ ကောင်းလေပဲ ။ စေ့စေ့ စပ်စပ် ဘယ်လောက် ဖတ်လဲ ? ဝေဖန်ဆန်းစစ်ချက် ဘယ်လိုပါလဲ ? တကယ်တော့ ဒါ သုတေသနနော် ။ မြန်မာလိုကတော့ သုတေသန ၊ အင်္ဂလိပ်လိုက Research ။ ဒါပေမဲ့ Already research ပါပဲကွာ ။ သူများတွေရှာပြီးသားကို မင်းတို့ ဘာလုပ်တာလဲ ? ပြန်ရှာတာ ၊ အဲဒီတော့ အခု ငါရှာပြတယ်လေ ။
                                ကိံသု ယာဝ ဇရာ သာဓု ၊ ကိံသု သာဓု ပတိဋ္ဌိတံ ။
                                ကိံသု နရာနံ ရတနံ ၊ ကိံသု စောရေဟိ ဒူဟရံ ။
           ငါက Search အဲဒါကို မင်းတို့က Research ပြန်လုပ်ကြ ။ ( သဂါထာဝဂ္ဂပါဠိ ၊ ဂါထာ - ၅၁ ) ။ အဲဒါဟာ မင်းတို့ကို ဒါလေး မေးလိုက်တာဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်လက်ခံတဲ့ ထေရဝါဒကျောင်းသားတွေအနေနဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ အနီးမှာ ထေရဝါဒ ပိဋကတ်ကို ရွတ်ဖတ်ကြတော့ ကိုယ်ရွတ်ဖတ်တဲ့စာလေးတွေ ဘယ်နားမှာ ဘာရှိတယ်ဆိုတာကို သိအောင် ရွတ်ဖတ်သွားကြ ။ မှတ်မိအောင် ရွတ်ဖတ်သွားကြ ။ အိမ်မက်ကောင်းကောင်း မက်လိုက်တဲ့ လူ “အ’’ ပြန်မပြော နိုင်သလို မဖြစ်စေနှင့်ပေါ့နော် ။ အိမ်မက်ကတော့ သိပ်လှတာပဲ ပြန်ပြောချင်တယ် “အ’’ နေတယ် ။ အဲဒီတော့ ပြန်မပြောနိင်ဘူး ။ “မူဂေါဝ သုပိနံ ပဿံ ကထေတုမ္ပိ န ဥဿဟေ’’     ဒါဟာ လောကနီတိထဲပါတယ် ။  (ပဏ္ဍိတကဏ္ဍ၊ လောကနီတိ ဂါထာ - ၃၈) ။ အဲဒီလို မဖြစ်စေနဲ့ ဒါလေးနဲ့စပ်ပြီး ငါ့ညီတော်တွေအားလုံးကို ဘာတိုက်တွန်းချင်သလဲဆိုရင် ပိဋကတ်ကို မရပ်မနား ဖတ်ကြကွာ။ ဒို့ရဲ့ရပ်တည်ရာဟာ ဒါဟာထေရဝါဒ ပိဋကတ်သုံးပုံဘဲ ။ ရွတ်ဖတ်တာများတော့ ဒါအရှိန် အဟုန်ကောင်းလာပြီး ဖတ်ချင် ကြည့်ရှုချင်တဲ့ အရှိန်အဟုန်ကိုကောင်းစေတယ် ။ အဲဒီတော့ ဒီစကားရပ်မှာ ကိံသု သာဓု - ဘာကောင်းလဲ ? ယာဝဇရာ သာဓု - အိုတဲ့အထိကောင်းတယ် ။
                   မြတ်စွားဘုရား ပါဝါပြည် ကုသိနာရုံသို့ ကိုးမိုင်ခရီးကို ကဆုန်လပြည့်နေ့ ကြွသွားတယ် ။ ( ၂၄ ) ခါနားတယ်။ “ကိလန္တောသ္မိ အာနန္ဒ’’ လို့ တည့်တည့်ကြီးပြောတယ် ။ ငါပင်ပန်းပြီ အာနန္ဒာ ၊ ငါဘုရားနားဦးမယ်တဲ့ ။ ပါနိယံ ဟရ - သောက်ရေးပေးပါတဲ့ ဒါပဲပြောတယ် ။ အဲဒီတော့ အရှင်အာနန္ဒာက သောက်ရေဘာညာ ကပ်လို့လည်းပြီးရော ယပ်တောင်လေးနှင့် ခပ်ပြီးနေနေတုန်း ယင်တစ်ကောင်းနားတော့ နောက်ကျောကို လက်ကလေးနှင့်ပွတ်ကာ အရေတွေတွန့်တာ သွားတွေ့တယ် ။ ဒီတော့ အာနန္ဒာက မြတ်စွားဘုရား အိုပြီဘဲ ။ အဲဒီတော့ မြတ်စွားဘုရားက ပြောတယ် ။
                  “သေယျထာပိ အာနန္ဒာ ဇဇ္ဇရ သာကဋံ ဝေဓမိဿကေန ယာပေတိ ဧဝမေဝခေါ အာနန္ဒ ဝေဓမိဿကေန မညေန တထာဂတဿ ကာယော ယာပေတိ’’  လှည်းအိုကြီး ကျွဲနှင့်နွားနှင့် ဆွဲမောင်းသလို မောင်းနေတာဟာ ဇရာနော် ။ အိုတယ်ဆိုတာ ဘာဖြစ်တာလဲဆိုရင် အဋ္ဌကထာ နှင့် အဖွင့်မပြောဘဲ ပါဠိတော်ကို ပါဠိတော်နှင့်ဖွင့်တဲ့ အဖွင့်ကလေးတစ်လုံးလောက် ဘယ်ကနေရွတ်မလဲ ၊ ဓမ္မစက္ကပဝတ္တန သုတ်မှာရွတ်ရင် ဇရာပိဒုက္ခာ ပဲရတယ် ။ ဗျာဒိပိ ဒုက္ခော မရဏံပိ ဒုက္ခံ ရှိတယ် ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သီတဂူဆရာတော် သြ၀ါဒ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကုမုဒြာအတွေးအမြင်

လူ.တန်ဖိုးဆိုတာ
ကိုယ့်အတွက် (အတ္တဟိတ)
သူများအတွက် (ပရဟိတ)
ကောင်းတာတွေကို
လုပ်နိုင်ခြင်းပါဘဲ...။
ကုမုဒြာလမင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကုမုဒြာအတွေးအမြင်

အများအကျိုးကို
စေတနာသန်.သန်.နဲ.
မလုပ်ပေးနိုင်သေးသမျှ
တကယ့်ကျေးဇူးရှင်လို.
မပြောနိုင်သေးဘူး..။
ကုမုဒြာလမင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဓမ္မဂင်္ဂါဆရာတော် note

ဗုဒ္ဓအရှင်ကတော့
မိမိတို့ ပြုသမျှ
ကံသုံးပါးလုပ်ဆောင်မှုသည်
လောကဟိတနှင့်
လောကသုခအတွက်
မည်မျှ အကျိုးကျေးဇူးဖြစ်ထွန်းသနည်း
ရှုမြင်တတ်ရန်သာ
သွန်သင်လေ့ရှိသည်..။

ဓမ္မဂင်္ဂါဆရာတော်
(၀ိမုတ္တိခြင်တကောင် ၇ )

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS